Designer သက်တမ်း
ပုလဲရတု(၂၅)နှစ်ကို အောင်မြင်စွာ
ဖြတ်သန်းလာခဲ့တဲ့ Designerလတ်လတ်တစ်ယောက်
အခုဆိုရင်ခေတ်နှင့်အညီ ရင်ပေါင်တန်းပြီး
အောင်မြင်သူတစ်ယောကဖြစ်နေပါပြီ။
သူ့ရဲ့ခေတ်အမြင် ရေစီးကြောင်း၊ Fashion ကျကျ
ဝတ်ဆင်တတ်မှုတွေ၊အတွေ့အကြုံပေါင်းများစွာ
သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို
အခုလိုတွေ့ဆုံမေးမြန်း
ဖြစ်ခဲ့ပါတယ်။
Designer လောကကို ခြေချဖြစ်ခဲ့ပုံ
....
အစ်မ ၁၀တန်းဖြေပြီးကတည်းကဆိုရင်
ကြာပြီပေါ့။ စိတ်ဝင်စားခဲ့တာကတော့
အစ်မတို့ခေတ်ပေါ့။ အခုခေတ်နဲ့ မတူဘူး၊ အစ်မ
၁၀တန်းအောင်ပြီးကာစ
ကျောင်းတွေအားနေတဲ့အချိန်မှာဒီသင်တန်းကို
တက်ခဲ့တဲ့ အစ်မရဲ့အမေက စနစ်တကျ
ပြန်သင်ပေးခဲ့တယ်။
လက်ဦးဆရာတွေ
....
အစ်မရဲ့ လက်ဦးဆရာကတော့ အစ်မရဲ့
မိခင်ပေါ့နော်။အစ်မမိခင်ဆီကအရင်ဆုံးသင်ကြားခဲ့တယ်။
ကျန်တာတော့ကိုယ်လေ့လာတာလည်းပါတယ်၊ကိုယ်
Overseas ထွက်တိုင်းလည်းလေ့လာတဲ့ ပညာတွေ
အများကြီးရှိပါတယ်။ Experience
များတာလာနဲ့အမျှ အထိအတွေ့လည်းများလာတယ်လေ၊
အဲဒီပညာတွေအစုံပေါင်းသွားတော့ အားလုံးဟာ
အစ်မရဲ့ လက်ဦးဆရာတွေပါပဲ။
Designerလောကမှာ
ရပ်တည်ခဲ့ပုံ ....
အစ်မတို့ခေတ်တုန်းကတော့
ဒီဇိုင်နာဆိုတာတော့ မပေါ်သေးဘူး။
အစ်မလုပ်ဖြစ်တယ်ဆိုတာကလည်း ကိုယ့်အမေရဲ့ လုပ်ငန်း
ရှိတယ်လေ။ အဲဒီလိုအချိန်မှာအစ်မက ဒီပညာကို
တတ်သွားတယ်၊အစ်မစလုပ်လုပ်ချင်းမှာ
အလုပ်သမားတွေ ရှိခဲ့တယ်။ အဲဒီတော့
ဒီဟာလေးကို လုပ်ဖြစ်သွားတယ်၊ ကောလိပ်ပြီးသွားတဲ့
အချိန်မှာအလုပ်ရှာစရာမလိုတော့ဘူး။
ဒီအလုပ်ကိုပဲ ဇောက်ချလုပ်တော့မယ်ဆိုတဲ့
စိတ်ကြောင့် ရပ်တည်ဖြစ်သွားတာပါ။ ၂၀၀၄
လောက်ကျမှ Fashion Design ဆိုပြီး လူတွေက
သိလာပြီးတော့စိတ်ဝင်စားလာကြတာ။ ခုကျမှ
Designer ဆိုရင် လူတိုင်းက အသိအမှတ်ပြုပြီး
လက်ခံလာကြတာပေါ့နော်။
Designer
တစ်ယောက်ရဲ့ခံယူချက် ....
အစ်မတို့
မိန်းကလေးတွေအတွက်ကတော့ အရမ်းကောင်းတဲ့
ပညာရပ်ပေါ့နော်။ အိုးမကွာ အိမ်မကွာ လုပ်လို့ရတယ်။
ကိုယ့်ရဲ့ ဘ၀မှာ ခံ့ခံ့ထည်ထည်နဲ့ ရပ်တည်လို့ရတဲ့
ပညာရပ်လည်းဖြစ်တယ်။ ကိုယ်တီထွင်လိုက်တဲ့
ဒီဇိုင်းက စိတ်ကူးယဉ်လိုက်တာနဲ့ထွက်လာတာနဲ့
တစ်ထပ်တည်းဖြစ်ရဲ့လား အဲဒီလောက်ထိ
အစ်မကရှုးသွပ်တယ်ပေါ့။ နောက်ဆုံး
ကိုယ်ဖြစ်ချင်တဲ့ ဒီဇိုင်းကို
မထွက်သေးဘူးဆိုရင် အဲဒီ ဒီဇိုင်းကို အစ်မက
နေ့မအိပ်၊ညမအိပ်ကိုစဉ်းစားတာတွေလည်း ရှိတယ်၊
ဒီပညာကို အရမ်းတန်ဖိုးထားတယ်၊အရမ်း
စိတ်ကူးယဉ်လို့လည်း ကောင်းတယ်။
ကြိုးစားအားထုတ်ခဲ့ရပုံ
....
နှစ်နဲ့ချီကြာလာတော့ ကြိုးစားအားထုတ်မှု
အများကြီးပဲပေါ့။
အခုခေတ်လောက်လည်းမလွယ်ကူဘူးလေ။ အစ်မတို့
စပြီးလုပ်ကိုင်တဲ့အချိန်တုန်းကဆိုရင်
လူတွေကလည်း ၀တ်တာတွေကမြန်မာအင်္ဂျာီ၊
အကွဲဇစ်လေးနဲ့ ဒီဇိုင်းနည်းနည်း
ရိုးရိုးလေးလောက်ပဲဝတ်ကြတယ်။
အဲဒီအချိန်တုန်းကအစ်မတို့က နောက်ကွဲလေးတွေကို
Fitting ချုပ်တဲ့အချိန်၊
ချုပ်ရိုးကြောင်းလေးနဲ့ Pattern ဖော်တာတို့၊
ဟန်းမိတ်လေးဖော်တာတို့ အစ်မလုပ်ခဲ့တယ်လေ။
အဲဒီကတည်းကစပြီး လုပ်ခဲ့တာလုပ်သက် ၁၀
နှစ်လောက်ကြာတဲ့အခါ Accessories တွေလည်း
သိပ်မပေါ်သေးဘူး။ ဒါပေမဲ့ဝတ်စားဆင်ယင်မှု
အစလေးတွေ ပြောင်းလာကြတယ်။
နောက်ထပ်၁၀နှစ်လောက်ပြောင်းလာတဲ့အခါကျတော့
Accessories တွေပေါ်လာတယ်။
နိုင်ငံတကာကလည်း ဖွံ့ဖြိုးလာတဲ့ အချိန်ကျတော့
ကိုယ်ပုံဖော်ပြီး
လုပ်ချင်တဲ့လုပ်ကွက်ကိုအကုန်လုပ်လို့ရတယ်။
အဲဒီအချိန်မှာ အစ်မတို့ကလည်း
ကိုယ့်လုပ်သက်ပိုင်းတွေနဲ့
ပြန်ပေါင်းစပ်ရတာပေါ့နော်။ အစ်မတို့
ခေတ်တုန်းက လုပ်ကွက်မရမ်းနည်းတယ်၊ လုပ်စရာ
Accessoriesမရှိဘူး၊ စီးကွင့်ဆိုရင်လည်း
နှစ်မျိုး၊ သုံးမျိုးလောက်ပဲရှိတာ၊ ခုကျတော့
အတွေ့အကြုံတွေလည်းများလာတယ်။ ကိုယ်ထွင်ချင်တဲ့
ဒီဇိုင်းကို
ပိုထွင်လို့ရလာတာပေါ့နော်။
၂၅
နှစ်ကာလအတွင်းကွာခြားသွားတဲ့ Design
ရေစီးကြောင်း
....
ကွာခြားမှုရှိတယ်ဆိုတာကတော့ ကိုယ့်ရဲ့
Creation နဲ့ဆိုင်ပါတယ်။ ပြီးတော့ အစ်မတို့
အခုပြန်ထွင်နေတဲ့ဟာတွေက အရင်နှစ်တုန်းကဟာတွေ၊
အစ်မတို့ကောလိပ်တက်တဲ့အချိန်တုန်းက
ဒီဇိုင်းတွေ အဲဒါတွေကို
ပြန်ပြီးတော့ဒီဇိုင်းပြန်ကွန့်မယ်ဆိုတော့
အစ်မတို့ကျတော့လုပ်သက်ကြာလာတဲ့အတွက် ထွင်ရတဲ့
ဒီဇိုင်းမှာခက်ခဲတာတွေ ပြောင်းလဲတာတွေမရှိဘူး။
ဒါပေမဲ့ ဒီဇိုင်းကတော့ ဒါကိုအသစ်ပြန်လည်လာတယ်၊
အခုခေတ်ကလေးတွေအရမ်းတော်တယ်၊
အဲဒါမျိုးကိုပြန်ပြီး Creation
တွေစမ်းလာကြတယ်၊ဒီဇိုင်းကိုပြန်ကွန့်လိုက်တယ်၊အစ်မတို့လည်း
တချို့အင်္ဂျာီတွေဆို ကိုယ်ကောလိပ်တက်တုန်းက
ဒီဇိုင်းလေးတွေကိုပြန်ဖော်ပြီးတော့ အဲဒီထဲက
တခြားကိုယ်ဖြစ်ချင်တဲ့ Creation
ကိုပြန်တင်လိုက်တယ်ဆိုတော့
အရမ်းထူးခြားတဲ့ဒီဇိုင်းလေးဖြစ်သွားတာပေါ့။
အဲဒါကျတော့ ဒီဇိုင်နာနဲ့ပဲ
ဆိုင်ပါတယ်။ဒီဇိုင်နာတစ်ယောက်ကသူများနဲ့မတူအောင်
ဘာလုပ်ရလဲ၊ ဘာလုပ်နိုင်လဲ အားသာချက်ရှိမှ
ဒီဇိုင်နာကောင်းဖြစ်နိုင်မှာလေ။
ဒီကနေ့ခေတ်
ဖက်ရှင်အပေါ်အမြင် ....
အကောင်းအဆိုးလည်း
ရှိသေးတာပေါ့။ ဖက်ရှင်ကိုကျတော့ လူတွေအကုန်လုံး
စိတ်ဝင်စားလာကြတယ်၊တန်ဖိုးထားလာကြတယ်၊လက်ခံလာကြတယ်။
အဲဒီလိုလက်ခံလာကြတဲ့အချိန်မှာအစ်မတို့
ဒီဇိုင်နာတွေကလည်း ကိုယ်လွတ်လွတ်လပ်လပ်
ထွင်ချင်တာလည်း ထွင်လို့ရတယ်၊ဒါပေမဲ့
အတားအဆီးလေးတစ်ခုနဲ့တော့ လုပ်ရတာပေါ့နော်။
ခေတ်ရေးစီးကြောင်းက သူ့အလိုလိုပြောင်းလာတာလေ။
ဝတ်စားဆင်ယင်မှု့တွေပြောင်းလာတယ်၊
တစ်ခါတလေကျရင် အစ်မတို့က Shopping
ထွက်ရင်းနဲ့တောင် တွေ့လိုက်တဲ့ ကလေးတွေဝတ်တဲ့
ဒီဇိုင်းကအစ လေ့လာဖြစ်တယ်၊ ကလေးတွေအကြိုက်က
ဒီလိုပါလားဆိုပြီးတော့၊ အစ်မတို့က Teenager
လေးတွေရဲ့ အကြိုက်ကိုကြည့်ပြီး
သူတို့စိတ်ထဲမှာရှိတဲ့ ခံယူချက်လေးတွေကို
ပြန်ယူရတယ်၊ ကိုယ်တွေက
လူကြီးပိုင်းရောက်လာပြီဆိုရင် တချို့ငယ်တာတွေက
ကိုယ်နဲ့ Update
မဖြစ်တာတွေရှိတော့အဲဒီကလေးတွေဆီက
ပညာပြန်ယူရတယ်။ ဆယ်ကျော်သက်ကလေးတွေ
အစ်မဆီမှာအပ်တာရှိရင်
သူတို့စိတ်တွေဘယ်လိုရှိတယ် ဆိုတာကအစ
နှိုက်ထုတ်ရတာပေါ့နော်။
Design
တစ်ခုချင်းစီအတွက် ကြိုးစားခဲ့ရပုံ
....
ဒီဇိုင်းဆွဲတော့မယ်၊လုပ်တော့မယ်ဆိုရင်တိတ်ဆိတ်ပြီး
တစ်ယောက်တည်းရှိတဲ့အချိန် Design
ဆွဲရင်အရမ်းထွက်တယ်။ အဲဒီအချိန်ကျရင်
ခိုင်းထားတဲ့
ကာရိုက်တာရှိမယ်လေ၊အဲဒါနဲ့ညီအောင်အစ်မက
လုပ်တယ်။အဲဒီကာရိုက်တာမှာ အဲဒီမိန်းကလေးက
ခက်ထန်တယ်၊အရမ်းချမ်းသာတယ်အဲဒီလို
ဇာတ်ဝင်ခန်းက ဘာဆိုပြီး အစ်မကို
အမြဲတမ်းအပ်ကြတယ်လေ၊ အဲလိုဆိုတော့ အစ်မ
အဲဒီဇာတ်ဝင်ခန်းကို စိတ်ထဲမှာနှစ်ပြီးတော့
အင်္ဂျာီဒီဇိုင်းတွေကို လုပ်လေ့ရှိတယ်။
အခုဆိုရင်အစ်မကို သီချင်းကအစ ပေးထားတယ်၊
ဒီသီချင်းရဲ့ စာသားနဲ့ သီချင်းတီးလုံးက
ဘယ်လို၊အဲဒီအချိန် အစ်မ ချုပ်ရမယ့် ၀တ်စုံက
သူတို့ဖြစ်ချင်တာနဲ့ အစ်မ စိတ်ကူးနဲ့
ပေါင်းစပ်ပြီးတော့ဝတ်စုံကိုချုပ်လိုက်တော့
နည်းနည်းထူးဆန်း သွားတယ်ပေါ့။
မြန်မာဝတ်စုံနဲ့
အနောက်တိုင်းဝတ်စုံ ကွာခြားချက်
....
မြန်မာဒီဇိုင်းထုတ်မယ်ဆိုရင် ဒီဇိုင်းမှာ
Frame ဆိုတာရှိတယ်။ မြန်မာမှာ ရင်ဖုံးရှိတယ်၊
နောက်ကွဲရှိတယ်၊ ပြီးတော့ သူ့ရဲ့
မြန်မာလုံချည် ဆိုတာ ရှိတယ်၊ အဲဒီမှာမှ
လုံချည်ဆိုရင် ၀တ်နေကျလုံချည်ကို ဘာဒီဇိုင်း
ကွန့်လို့ရလဲ၊ အဲဒီဒီဇိုင်းကို
ကွန့်လိုက်တဲ့အတွက် အပေါ်ကအင်္ဂျာီကို
ဘာလုပ်မလဲဆိုတာ ကိုယ်က ပြန်စဉ်းစားရတာပေါ့။
နှစ်ခုလုံးလုပ်ပြီး ရှုပ်သွားရင်
အရမ်းရိုင်းသွားမယ်။ အဲဒီတော့
အောက်ပိုင်းမှာ ဒီဇိုင်းထွင်ရင် အပေါ်ပိုင်းမှာ
ဘယ်လိုလျှော့မလဲပေါ့၊ ဒါလေးတွေက
အစ်မတို့ဒီဇိုင်းပိုင်းနဲ့
ဆိုင်တယ်။နောက်တစ်ခါ Evening Gown ကသပ်သပ် ၊
သူ့ဟာသူ လိုင်းတွေက ကွဲနေတော့ကိုယ်တွေ
ဒီဇိုင်နာတစ်ယောက်က ဒီအပေါ်မှာ ဘယ်လောက်ထိ
လုပ်နိုင်လဲဆိုတာပေါ့။ အစ်မတို့ကျတော့ ရှိသမျှ
ဒီဇိုင်းပေါင်းစုံကို လုပ်တယ်၊
လုပ်နိုင်အောင်လည်း ကြိုးစားခဲ့တယ်၊
အဲလိုကြိုးစား ခဲ့တဲ့အတွက်
ဒီဇိုင်းအားလုံးကို လုပ်နိုင်တယ်။ ဒါပေမဲ့
အဲဒီအပေါ်မှာ Creation ကို
ထူးခြားအောင်ကြိုးစားတယ်။ ပြီးခဲ့တဲ့နှစ်က
ချိတ်လုံချည်နဲ့ ကော်လံအင်္ဂျာီထွင်တယ်၊
ထွင်တဲ့အချိန်မှာ လူတွေကမြန်မာအင်္ဂျာီကို
ရင်ဖုံးတွေလို့ပဲ မြင်နေကြတယ်။ အဲဒါကို
ဖောက်ထွက်ပြီး ဘယ်လိုဆန်းပေးရမလဲ၊ချိတ်ကို
ဘယ်လိုကွန့်လိုက်မယ်ပေါ့။ ဒါပေမဲ့
အရမ်းကြီးရိုင်းသွားလို့လည်း
မဖြစ်ဘူး။
ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ
....
အခုခေတ်ကလေးတွေက တော်ပါတယ်။ အစ်မက
ဒီဇိုင်နာ ဒီဇိုင်းမှာလည်း ဒိုင်လုပ်တော့
လုံးဝExperience မရှိဘူး၊ Basic ပဲရှိဦးမယ်၊
ပြီးတော့ သူတို့တတ်ထားတာလည်းရှိမယ်၊Advance
တို့ဘာတို့ရှိမယ်။ဒါပေမယ့်
အဲဒီကလေးတွေကအစ်မတို့ပေးလိုက်တဲ့ Title ကို
သူတို့လိုက်လုပ်တာအရမ်းတော်တယ်၊ တော်ကြတယ်
ဆိုတာကလိုက်လုပ်နိုင်တယ်၊ဒါသူတို့မှာ
Experience နည်းနည်းရှိတယ်ပေါ့နော်။
နောင်တက်လာမယ့် ဒီဇိုင်နာတွေ
အရမ်းတော်ကြမယ်လို့ အစ်မယုံတယ်၊ သူတို့တွေ
အဲဒါကိုပိုပြီးတော့ Creation
နဲ့ကြိုးစားအားထုတ်မှုနဲ့ပဲဆိုင်တယ်။ဒီဇိုင်နာ
တစ်ယောက်ကတစ်နှစ်နဲ့တစ်နှစ် Experience
များလာတာနဲ့အမျှ ကိုယ့်အရည်အသွေးတွေက
တိုးတက်လာတယ်လေ။ ဒါကို
အသုံးချတတ်ရင်တော့ရပါတယ်။
ပုံသေ Trade Mark
ထားရှိပုံ ....
အရင်ကတည်းက အစ်မရဲ့ Trade Mark
က ဆေးရေးတာလေ၊အစ်မလုပ်တဲ့ ဒီဇိုင်းတိုင်းမှာ
တစ်နေရာရာမှာတော့ အမြဲပါတယ်။ ပြီးတော့
နောက်တစ်ခါ Inposs ပေါ့။
အကြွလေးတွေ၊အလိုလေးတွေပါတယ်။ ဒီနှစ်ကျတော့
အစ်မ အသားနဲ့ ခြင်ထောင်ဇာနဲ့
ပိတ်စနဲ့ကပ်ပြီးတော့ ဖောက်ထုတ်ဖြစ်တာ။
ဖောက်ထုတ်ပစ်လိုက်တော့ အသားမှာ တက်တူးလိုလို
ဘာလိုလို ဖြစ်သွားတာပေါ့နော်။ အဲဒီလိုကျတော့
ပွဲသွားပြီဆိုရင် ဒီဝတ်စုံ မြင်တာနဲ့
မလတ်ဝတ်စုံမှန်း သိကြတယ်။ အဲဒါကျတော့
ကိုယ်လုပ်လိုက်တဲ့ဒီဇိုင်းရော၊ Creation ရော
သူများနဲ့ကွဲအောင်ဖောက်ထွက်ပြီးတော့ Own
Creation ဖြစ်မှ ဒီဇိုင်နာကို လက်ခံကြတာလေ။
လူတိုင်းက အပ်လိုက်ပြီဆိုတာနဲ့
သူများထက်ထူးခြားအောင်ဘာဝတ်လို့ရလဲ၊အဲလိုလုပ်ပေးနိုင်လို့သာလာကြတာလေ၊အဲဒါ
အစ်မရဲ့ထူခြားမှုလေးတစ်ခုလို့ပဲပြောရမှာပါပဲ။
ဒီဇိုင်းနဲ့ပတ်သတ်တဲ့အတွေ့အကြုံ
....
အစ်မတို့ခေတ်တုန်းက သင်တန်းတွေဆိုတာ
သိပ်မရှိဘူး၊အခုသင်တန်းပေါင်းစုံလည်းတက်စေချင်တယ်၊တက်ပြီးတော့မှ
အဲဒီကပညာတွေကို ဆည်းပူးစေချင်တယ်၊ အဲဒီထဲကမှ
ကိုယ်ဘာလုပ်လို့ရလဲ ဆိုတဲ့
တွေ့အကြုံလေးရတာပေါ့။အစ်မဆိုလည်းဘာသာရပ်တစ်ခုကိုသင်ခဲ့တယ်၊
အဲဒီဘာသာရပ်ရဲ့သင်ထားတဲ့
သင်ရိုးညွှန်းတမ်းအတိုင်းကို အသုံးချတာ
အကြိုက်ဘူး၊ အဲဒါကို မူကွဲပြီး
ကိုယ့်ရဲ့ဒီဇိုင်းဆိုတာ ပြန်လုပ်တယ်။ အစ်မက
Cutting ကအစ၊အစ်မကို ဒေါက်တွေ ၊Cutting တွေ
အကုန်သင်ထားရမယ်၊ရေကူးဒေါက်တွေသင်ထားမယ်၊
အဲဒီရေကူးဒေါက်ကိုမှ သူတို့သင်ထားတာကနေ အစ်မ
မူပြောင်းပြီးတော့ အစ်မရဲ့ပုံသေနည်း Cutting
တွေ ရှိတယ်၊ကိုယ့်ဟာကိုယ်ထုတ်ထားတဲ့Cutting
တွေပေါ့။ဒေါက်ဆိုရင်လည်း Point ကနေ
လှည့်ပြီးတော့ဘက်ပေါင်းစုံယူတဲ့
ဒေါက်တွေဆိုရင်
အစ်မဘာသာအစ်မနည်းတွေထုတ်ထားတယ်။ပြီးရင် Body
Frame မှာFitting ချကြည့်တယ်ပြီးရင် model
တစ်ယောက်ဖြစ်ဖြစ်
စမ်းသုံးကြည့်လိုက်တယ်၊လှတယ်ဆိုရင် အဲဒီ
Cutting ကိုအစ်မက သိမ်းထားတယ်ပေါ့နော်။
နောက်ပြီးကျတော့
ကိုယ့်ရဲ့မူပေါ့နော်၊သင်ရိုးညွှန်းတမ်းအတိုင်းသင်ထားတဲ့ဟာကို
အသုံးအချဘဲ လွှာသုံးပေါ့။အဲဒါဆို ကလေးတွေကလည်း
ကိုယ့်ကိုယ်ကိုယ်ဦးနှောက်သွေးသလို
ဖြစ်တယ်ပေါ့နော်။
ပုံသေတိုင်းမဟုတ်တဲ့မလတ်ရဲ့မူကွဲပုံ
....
အစ်မက အင်္ကျီမှာဒေါက်ဆိုရင်
အရှေ့ချုပ်ရိုးနဲ့
ဘေးဒေါက်ရှိမယ်။အဲဒီဘေးဒေါက်မှာမှအစ်မတို့က
Cutting
တစ်မျိုးပြောင်းပြီးဒေါက်ကလေးတွေသေးလိုက်တာတို့၊အောင်ဒေါက်တို့
ပင့်ဒေါက်တို့ အများကြီးပေါ့နော်၊အဲဒါတွေကို
ကိုယ့်
ပုံသေနည်းနဲ့ကိုယ်လျှောက်လုပ်ကြည့်တယ်။နောက်တစ်ခါCutting
တွေပေါ့။အဲဒီ Cutting တွေမှာမှ Flowers
Cutting
တို့ဘာတို့မျိုးစုံရှိတယ်၊ဒါတွေလည်းအစ်မရဲ့မူပိုင်တွေပါပဲ။
ဒီဇိုင်းတစ်ခုနဲ့တစ်ခု
ထပ်မသွားအောင်ကြိုးစားရပုံ
....
အစ်မမှာ Customer လည်းရှိတယ်၊တချို့
Customer ကတော့ တူသွားလည်းရတာရှိတယ်။
တူတဲ့ဒီဇိုင်းကိုပဲ
ပြန်အပ်တာရှိတယ်။တချို့ကတော့ ဒီဇိုင်းကို
မတူစေနဲ့ဆိုတော့ အစ်မ ဆီမှာ ဒီဇိုင်းမပြော ဘဲ
အပ်တဲ့သူတွေလည်းရှိတယ်၊အဲဒါဆိုရင်သူ့ရဲ့အရင်တုန်းက
အပ်ခဲ့တဲ့စာရင်းတွေ အစ်မမှာရှိတယ်၊အဲဒါနဲ့
အစ်မက ပြန်ကြည့်ပြီး လုပ်ပေးရတယ်။ဒါပေမယ့်
တစ်ခါတစ်လေ ကျရင်တော့ Frame
ကတူနေမယ်၊တပ်လိုက်တဲ့ ဒီဇိုင်းနဲ့ Creation
လေးတွေက နည်းနည်းကွဲတယ်ပေါ့၊
အဲဒါမျိုးလေးတွေကိုလည်းသူတို့
လက်ခံပေးကြပါတယ်။Celebrity
တွေဆိုရင်လည်းရုပ်ရှင်တွေမှာ သူတို့
ဝတ်တဲ့ ဟာတွေကို အစ်မ ဒီနေ့အထိ
မထပ်ဘူး။
Fashion Design
တွေကို
အများကလက်ခံလာကြတဲ့အပေါ်ပီတိဖြစ်ရပုံ....
အဲဒီလိုအချိန်ကျတော့
တခြားငွေရေးကြေးရေးထက် ကိုယ့်ဒီဇိုင်းကို
လှလိုက်တာလို့ ပြောတာတစ်ခုနဲ့တင် ကျေနပ်နေတာ
ပေါ့နော်။မလတ်ဒီဇိုင်းကိုဘယ်မှာတွေ့လိုက်လို့
အရမ်းကြိုက်လို့လာတာပါဆိုရင်
ကိုယ်လက်မခံနိုင်ရင်တောင်မှ ကိုယ့်ကလေး
တွေကို
သေချာလေးလက်ခံခိုင်းတယ်၊တစ်ခါတလေကျရင်ပွဲတစ်ခုမှာ
တွေ့လိုက်တဲ့ ဒီဇိုင်းတွေကို
ကြိုက်လို့လာတာလည်းရှိတယ်၊အဲဒီအချိန်မှာ
သူတို့တွေဝတ်ခါနီးကျရင်
မလတ်ရယ်လှလိုက်တာလို့ပြောတာနဲ့တင်
ပီတိဖြစ်နေတာပေါ့နော်။အဲဒါ ကတော့
ကိုယ်လုပ်လိုက်တဲ့ Creation ကို
သူတို့လက်ခံတယ်၊ဒီဇိုင်းကိုလည်း
အသိအမှတ်ပြုတယ်ဆိုတော့ အစ်မတို့
ပီတိဖြစ်ရတာပေါ့နော်။
ကြုံတွေ့ခဲ့ရတဲ့
အခက်အခဲ....
အစ်မကျတော့ ပုံမှန်လေးသွားနေတယ်လေ။
အစ်မက ဒီအလုပ်ကို စလုပ်တယ်၊ အစ်မအမေက အမြဲတမ်း
ဘေးကလိုက်လုပ်ပေးတယ်၊ ပိတ်စဆိုလည်း
ကိုယ်မညှပ်ဘူး၊ ခဲလေးတွေလိုက်ချပေးတယ်၊
အမေကညှပ်တယ်။ အဲဒီကနေ ပွဲတစ်ပွဲကို
အစ်မကလက်ခံလိုက်ပြီး
အမေလည်းမရှိရောကိုယ့်ဘာသာစလုပ်လိုက်ရတယ်။
အဲဒီအချိန်မှာ မလုပ်ရဲဘူး၊ ပွဲကမနက်ဖြန်၊
ကြောက်နေတယ်၊ အထည်ကို ကိုယ်တိုင်မညှပ်ရဲဘူး၊
အဲဒီမှာ ရဲဆေးတင်ရတာပေါ့နော်။ ငါ
ဖြစ်အောင်လုပ်မယ်။ ဒါကိုဘာလို့ ဖြစ်အောင်
မလုပ်နိုင်ရမှာလဲ ဆိုတဲ့စိတ်ကို
ကိုယ့်ဘာသာမွေးပြီး
လုပ်လိုက်တော့အောင်မြင်သွားတယ်။ အဲဒီအချိန်မှာ
အရမ်းပျော်တာပေါ့နော်။ အဲဒါက
အရမ်းငယ်သေးတဲ့အချိန် လေ ၁၆၊၁၇
ဆိုတာ အရမ်းပျော်တာပေါ့နော်။ အဲဒီတုန်းက
အစ်မအဲလိုမျိုးတွေတော့
ရှိခဲ့တယ်။ကြောက်တယ်ဆိုတာကလည်း
အစကြီးပျက်မှာကိုပဲ ကြောက်တာ။အဲဒီတော့
ကိုယ့်ကိုယ်ကိုယ်ဆရာလုပ်လိုက်၊
တပည့်လုပ်လိုက်နဲ့ စိတ်အားတွေ မွေးပြီး
ကြိုးစားခဲ့ရတာ။
တခြားပညာတွေနဲ့
မတူတဲ့
ဒီဇိုင်းပညာ....
ဒီဇိုင်းတစ်ခုထုတ်မယ်ဆိုရင်
အဲဒီဒီဇိုင်းကို ကိုယ်ဖြစ်ချင်တဲ့ Frame နဲ့
အကုန်လုံးကို ခေါင်းထဲမှာထည့်စဉ်းစားရတာပေါ့။
အဲဒီတော့ အစ်မက Design Sketch ဆွဲလိုက်တဲ့
အချိန်မှာ တစ်ခါတလေကျရင် လွယ်တာရှိတယ်လေ၊
ကိုယ့်ဟာကိုယ် Wave လေးတွေ
ဖော်လိုက်တာကအရမ်းလှတယ်၊အဲဒါကို တကယ်အစနဲ့
လုပ်တဲ့အချိန်မှာ အစမရှိတာမျိုးကြုံရတယ်၊
ကိုယ်လိုချင်တဲ့အစ၊ ကိုယ်ဖြစ်ချင်တဲ့ဒီ Wave တွေက
ဒီမှာ အစမရတာမျိုးတွေရှိတယ်၊ ကိုယ်ဖြစ်ချင်တဲ့
ပုံစံမထွက်လို့ဒေါသထွက်ရတာမျိုးတာတွေရှိတယ်။အဲဒီကိုယ်လိုချင်တဲ့ပုံထွက်ဖို့
Cutting ဘယ်လိုပြောင်းရမလဲ၊ အဲဒါလေးတော့
အရမ်းအားစိုက်ရတယ်။ ဒီဇိုင်းပိုင်းက အဲဒါတော့
အရေးကြီးတယ်၊ တစ်ခါတလေကျရင်
ဆွဲတာတွေလှပြီးတော့ လုပ်ရခက်တာမျိုးတွေ
ရှိတယ်။ အဲဒါတွေက ဒီဇိုင်းပိုင်းမှာ
တခြားပညာတွေနဲ့
မတူတာပဲပေါ့နော်။
ကြိုးစားမှုရဲ့ရလဒ်ကြောင့်
အောင်မြင်ခဲ့ပုံ
ဒီနာမည်တစ်ခုရဖို့ဆိုတာ လူတိုင်းအတွက်
ကြိုးစားမှုရဲ့ ရလဒ်ပဲပေါ့နော်။
ကိုယ်မကြိုးစားဘဲနဲ့တော့ မရဘူးလေ။
အခုခေတ်ဆိုရင် မီဒီယာပိုင်းရော၊
ရုပ်သံပိုင်းရော အများကြီးပဲပံ့ပိုးမှုတွေ
ကောင်းလာတယ်။ အစ်မတို့မှာ ဒါတွေ
မရှိခဲ့ဘူးဆိုတော့ နှစ်တွေအများကြီး
ကြိုးစားပြီးမှ
အခုအောင်မြင်လာတယ်၊လူသိလာတယ်ပေါ့နော်၊အဲ့ဒီတော့
အစ်မတို့မှာ Experience ကလည်း အရေးကြီးတယ်၊
ကိုယ့်ရဲ့ကြိုးစားမှုကလည်း အရေးကြီးတယ်ပေါ့၊
နာမည်တစ်ခုရလာရင် အဓိက အရေးကြီးဆုံးက Quality
ထိန်းရမယ်၊ကိုယ့်ရဲ့
ဒီဇိုင်းကိုလည်း မကျသွားအောင်ပေါ့နော်၊
တစ်ခုခုဆိုရင် မလတ်ဒီဇိုင်းက
ဒီလိုပဲပုံစံချည်းလားဆိုတဲ့ အပြောမခံရဖို့လည်း
အရေးကြီးတယ်လေ။ အဲဒီတော့ အဲဒီအတွက်ကိုအစ်မတို့
ဒီဇိုင်နာဆိုတဲ့ ဆောင်ပုဒ်လေး၊ဂုဏ်ပုဒ်လေးကို
ယူထားတဲ့ အတွက် ကြိုးစားရ
တာရှိတယ်၊နောင်ကလေးတွေ အတွက်ကို အခုဆိုရင်
ရုပ်သံမှာ ဒီဇိုင်နာပြိုင်တယ်၊
အဲဒါလည်းလမ်းတစ်လမ်းပွင့်တယ်၊မီဒီပိုင်းတွေက
မဂ္ဂဇင်းတွေမှာဖော်ပြ
လာတယ်ဆိုတော့လမ်းပွင့်တယ်၊ လူသိတယ်၊
ဘာပဲဖြစ်ဖြစ် မြင်လိုက်တာနဲ့ သြော် ဒီ
ဒီဇိုင်နာဆိုတဲ့နာမည် လေး
သိတယ်ပေါ့နော်၊ အဲဒီလိုဆိုတော့ ဆက်ကြိုးစားပြီး
မှတ်တိုင်တစ်ခု
ထူစေချင်တယ်။အစ်မကမဖြစ်စလောက်လုပ်၊နောက်ဆုတ်တာမျိုးတာတွေ
မကြိုက်ဘူး၊
ကြိုးစားစေချင်ပါတယ်။
ကြိုးစားမှုတိုင်းမှာ
အောင်မြင်ရမယ်ဆိုတဲ့ စိတ်အပေါ်မှာ
မလတ်ရဲ့ထင်မြင်ချက်
ကြိုးစားရင်တော့
ဖြစ်မယ်လို့အစ်မထင်ပါတယ်။ ဘာလို့လဲဆိုတော့
ကြိုးစားမှုရဲ့ရလဒ်ကြောင့်လူတိုင်းမှာ
ခံစားရတာတွေ လည်း အများကြီးရှိတယ်၊ ဒါပေမဲ့
အဲဒီလိုမျိုး စိတ်ဓာတ်ကျမှာကိုတော့ အစ်မ
မကြိုက်ဘူး။ အစ်မက
ပြိုင်ပွဲတစ်ခုမှာဆိုရင်လည်း ကလေးတွေကို
စိတ်ဓာတ်မကျနဲ့ ဆက်သာလုပ်ဆိုပြီးတော့ အစ်မက
ပြောတယ်၊ ဒါပေမဲ့ ကိုယ်က ကံရော၊
ဥာဏ်ရောဝီရိယရောအကုန်လုံးတော့
လိုတာပေါ့နော်၊အကုန်လုံး
စုံသွားရင်တော့ကောင်းတာပေါ့။
Wedding
တိုင်းအတွက် မလတ်ရဲ့စိတ်ကူး
Wedding ကျတော့
ထိုင်မသိမ်းရှိမယ်၊ Evening Gown ရှိမယ်၊
ဆွမ်းကျွေးရှိမယ်၊ထိုင်မသိမ်းမှာအခုခေတ်က
စိန်တွေအရမ်းကပ်ကြတယ်၊အဲဒီစိန်တွေ
ကပ်တဲ့အချိန်မှာလည်း အစ်မတို့က ဘောင်လိုက်
ဘယ်လိုမျိုးသုံးရမလဲဆိုတာ
ဒီဇိုင်းပြန်ထွင်ရတယ်။နောက်ပြီး
ဆွမ်းကျွေးဆိုရင်လည်းဆွမ်းကျွေးပေါ့။အခုခေတ်ကတော့အပေါက်ဖောက်တာလေးကို
လူကြိုက်များတယ်ဆိုတော့ အဲဒါလေးကို ဘယ်လို
ဖောက်ပေးရမလဲ၊ဝတ်ရဲတဲ့ လူတွေရှိတယ်၊
မဝတ်ရဲတဲ့သူတွေကျတော့လည်း လိုအပ်
တဲ့နေရာလောက်ပဲ ဖောက်မယ်၊အဲဒါမျိုးတွေကျတော့
အစ်မတို့ ကဏ္ဍအလိုက်
ဒီဇိုင်းထွင်ရပါတယ်။
Wedding
ဝတ်စုံတွေမှာသုံးမယ့် Accessories
တွေရဲ့ထူးခြားချက်
Accessories တွေက
အစ်မ ဒီနှစ်ထဲတော့ Crystal
တွေသုံးဖြစ်တယ်။Crystal
ကနည်းနည်းလက်တယ်လေ၊အစ်မတို့ ဒီ MFDG
မှာစသုံးလိုက်တယ်။ အဲဒီတုန်းက အစ်မတို့
ခုနှစ်စုံလေ။အဲဒီ ခုနှစ်စုံမှာ အစ်မက Crystal
တွေ ချည်းပဲသုံးလိုက်တယ်၊Crystal နဲ့
စီးကွင့်နဲ့ပေါ့နော်။ဒီနှစ်မှာ Customerတွေ
အကုန်းလုံးကို ဒီတိုင်းပဲ
လုပ်ပေးပါတယ်။Crystal တွေက အဝတ်အစားကို
ပိုပြီး တောက်ပစေ
တယ်။
ဒီဇိုင်းတွေနဲ့ပတ်သက်ပြီး
ပြင်ဆင်မှု
အခုခေတ် ဘယ်သူတွေဘယ်လို
ကွန်ပျူတာ
ပန်းထိုးလုပ်ကြသလဲ၊ကိုယ်လည်းဒီဇိုင်းထွင်ပြီး
ပြင်ဆင်တယ်၊ပန်းဖောက်ချိတ်ထိုးဆိုရင်လည်း
ဘယ်လိုလေးများ သူတို့ကို
ဆန်းအောင်လုပ်ပေးနိုင်မလဲ ဆိုတာက အစ
ပြင်ဆင်ထားရတာပေါ့။အစ်မရဲ့ပင်ကိုမူရင်းဒီဲဇိုင်းတွေနဲ့
ပြန်ပေါင်းစပ်မယ်၊ အစ်မအိုင်ဒီယာနဲ့
ပြန်ပေါင်းစပ်ပြီးတော့
ဖန်တီးပေးဖြစ်ပါတယ်။
ဖက်ရှင်ဒီဇိုင်းနှင့်ပတ်သတ်ပြီး
ခွန်အားဖြစ်စေတဲ့အရာ
အဲဒါကျတော့ ကိုယ်ကြိုးစားတဲ့ ရလဒ်ကို
မြင်လာတယ်။ အကောင်းဆုံးဖြစ်အောင်
ဆက်လုပ်မယ်ဆိုတဲ့ စိတ်ပဲထားတယ်။ လူတွေလက်ခံတဲ့
အပေါ်မှာ ကိုယ်ကထပ်ပြီးတော့
ကြိုးစားသွားရတာပေါ့။ ကြိုက်တဲ့ သူကို
အကောင်းဆုံး ဖြစ်အောင်လုပ်ပေးမယ်။
ဒီဇိုင်းထုတ်တဲ့အချိန်မှာလည်းအရမ်းပင်ပန်းတယ်။
အလုပ်သမားတွေကို Management လုပ်ရတာလည်း
ပင်ပန်းတယ်။ လူမှုဆက်ဆံရေးလည်း
ရှိတယ်၊ အရမ်းဦးနှောက်
သုံးရတယ်လေ။ကိုယ်ကဒီအလုပ်ကို
စိတ်ဝင်စားလို့လုပ်တဲ့အတွက်
ဖြစ်အောင်ကြိုးစားရမယ်ဆိုတဲ့ ရည်ရွယ်ချက်တော့
ရှိတာပေါ့။ အစ်မကြိုးစားလို့ရလာတဲ့
အောင်မြင်မှုတွေက အစ်မရဲ့
ခွန်အားပါပဲ။
ဝန်ထမ်းတွေကို management
ပြုလုပ်ပုံ
အစ်မဆီလာတဲ့
ဝန်ထမ်းတွေအားလုံးက
ကိုယ့်ရဲ့သားသမီးလိုဖြစ်သွားတယ်။အင်တာဗျူးလုပ်တာကအစ
မူကြိုတတ်တဲ့ ကလေးတွေလိုပဲ သဘောထားလိုက်တယ်။
ဒါအစ်မရဲ့ ပင်ကို စိတ်ပေါ့နော်အစ်မက
အေးအေးပဲနေတတ်တယ်၊ဒါပေမယ့် အစ်မဆီမှာလာတဲ့
ကလေးတွေအကုန်လုံးကလည်းဣနြေ္ဒရတဲ့ ကလေးတွေပဲ
ဖြစ်ချင်တယ်။စလာကတည်းကမိဘတွေပါခေါ်ပြီးအကျိုးအကြောင်းပြော
ပြတော့ လက်ခံကြတယ်
ကလေးတွေကလည်းသူတို့မိဘတွေနဲ့
ခေါ်တွေ့ထားတာဆိုတော့ သူတို့သိက္ခာလေးတွေကို
ထိန်းကြတယ်၊အဲဒါ အစ်မရဲ့ Type
ပေါ့။အစ်မကအစကတည်းက အဲဒါကို
အခြေခံပဲယူတယ်၊ကလေးတွေကိုလည်းပြောပြတယ်၊အစ်မက
အော်ဟစ်ပြီးတော့လည်း မပြောတတ်ဘူးလေ၊ကလေးတွေက
အစ်မပြောတဲ့ ဘောင်ထဲကနေလည်း
သူတို့လုပ်နိုင်တယ်၊ပြီးတော့မှ ချုပ်
သမားက
သပ်သပ်၊ဧည့်သည်တွေ့တာကသပ်သပ်၊အရောင်းသမားကလည်းသပ်သပ်ရှိတယ်လေ။သူတို့အကုန်လုံးကို
အစ်မရဲ့ဘောင်အတိုင်း ပြထားလိုက်တော့
သူတို့တွေက လက်ခံတယ်၊လုပ်နိုင်ကြတယ်။ဒါပေမယ့်
အကုန်လုံးကို အစ်မက
နွေးနွေးထွေးထွေးနဲ့ဆက်ဆံပြီး
ပျော်ပျော်ပဲနေတယ်၊အော်ဟစ်တာ အစ်မ
မကြိုက်ဘူး။သူတို့ကို မကြိုက်တာရှိရင်လည်း
တစ်လ တစ်ခါ Meeting ထိုင်လိုက်တယ်၊Meeting
ထိုင်ပြီးတော့ သမီးတို့အစ်မ ဒီလိုတွေ
မကြိုက်ဘူး၊သမီးတို့ အဲဒီအချိန်မှာအစ်မကို
ပြောစရာရှိတာပြောဆိုပြီး အစ်မ ကအဲဒီလို
Meeting
ထိုင်တယ်၊ကိုယ့်ရဲ့လက်အောက်မှာလုပ်တယ်ဆိုတော့
ဘာပဲဖြစ်ဖြစ် ကလေးဖြစ်သွားပြီ။သူတို့
ခံစားရတာတွေရှိရင်လည်း
ပျောက်သွားတာပေါ့။Family type
ဆန်သွားတာပေါ့။သူတို့ရဲ့နေမှုထိုင်မှုက
အစအကုန်ကြည့်ပေးရတာပေါ့နော်
Customer တွေအတွက်
ဝန်ဆောင်မှု
အဓိကအချက်ကတော့
လှလှလေးချုပ်ပေးလိုက်တယ်
(ရယ်လျက်)၊အရမ်းလှလှလေးဖြစ်သွားရင်ကျေနပ်သွားကြတယ်၊
ပြီးတော့သူတို့စိတ်ထဲမှာ
ဘာဖြစ်ချင်တယ်၊ဘာလိုချင်တယ်ဆိုတာကို
အရင်ဖောက်ထုတ်ကြည့်တယ်၊ပြီးရင်သူတို့ဖြစ်ချင်တာလေး
လုပ်ပေးလိုက်တယ်။
Customer ရဲ့စိတ်က
အဓိကကျပုံ
သူတို့မှာက
ကိုယ်လုပ်ပေးချင်ပေမယ့်လည်း
မဝတ်ရဲတာရှိတယ်၊သူတို့တွေဖြစ်ချင်တာက ဘာဆိုတာ
အစ်မက အရင်မေးတယ်၊နောက်ဆုံး
မင်းသမီးကအစပေါ့၊အကုန်လုံးတူတူပဲ။ဒီဟာမှာ
ဘာဖြစ်ချင်လဲ၊အဲလိုအစ်မ ကပြန်မေးတယ်၊အစ်မ
ဘာသာကောင်းသလိုလုပ် သမီးကတော့
ဝတ်ရဲတယ်ဆိုရင်တော့ အစ်မ
စိတ်ကြိက်လုပ်တယ်။အဲဒီလိုမဟုတ်ဘူး၊သူက
ဒီနေရာလေးဟိုက်လို့မရဘူး၊ဒီနားဖော်လို့မရဘူးဗိုက်ဖောက်လို့မရဘူးပေါ့နော်၊အဲဒီလိုတွေ
အများကြီးရှိတယ်လေ။အစ်မ ကဒီဇိုင်းလေးပြပြီး
သမီရေ အစ်မတော့ဒီလိုမျိုးလုပ်ပေးမယ်နော်၊
သမီးဝတ်ကြည့်လိုက်၊ မကြိုက်လို့ရှိရင်
အစ်မဘာကွန့်ပေးမယ်ဆိုပြီးပြေလည်အောင်ဖြေရှင်းလိုက်တယ်လေ။
ဒီဇိုင်းရဲ့အခြေခံပန်းချီဖြစ်ပုံ
အစ်မကတော့
ပန်းချီအခြေခံပဲလို့ခံယူထားတယ်။ဘာကြောင့်လဲဆိုတော့လူတစ်ယောက်က
အင်္ကျီတစ်ထည် လာအပ်ပြီဆိုရင် ကိုယ်က
လှလှလေးဆွဲပြနိုင်မှ သူတို့က
လက်ခံနိုင်မှာလေ။အဲဒီအချိန်မှာ ကိုယ်က
မဆွဲပြနိုင်ဘူးဆိုရင် အဲဒီမှာ ကိုယ်က အလိုလို
အရည်အချင်းကျသွားပြီလေ။အရင်ကတည်းက အစ်မရဲ့
Customer တွေက အစ်မ Sketch
ဆွဲလိုက်ပြီှးစာလေးဘာလေးမှတ်လိုက်မှသူ
တို့က လက်ခံတယ်၊အဲဒီမဆွဲမချင်းမှာ သူတို့က
စိတ်မချမ်းသာဘူး၊အဲဒါလည်းအဓိကပါတယ်။ဒါပေမယ့်
ကလေးတွေကိုအပ်သွားတဲ့ Customer ရဲ့ Body
ကိုမေးတယ်။သူရဲ့ Shape
ဘယ်လိုရှိတယ်ဆိုတာမေးတယ်။အဲဒါလည်း
အရေးကြီးတယ်။မော်ဒယ်လ်တစ်ယောက်က
ခါးရိုးရှည်မယ်၊သူ ဖိနပ်ဝတ်လိုက်ရင် သူ့ရဲ့
Structure ပြောင်းလဲသွားမယ်၊ ရင်ကော့ပြီးတော့
ခါးထွက်သွားမယ်။အဲဒါတွေက ကိုယ့်စိတ်ထဲမှာ
ပုံဖော်ပြီး စာရွက်ထဲမှာ ပြန်ဆွဲရင်လည်း
အဲဒီအတိုင်းပဲ ကောက် ကြောင်း ဖော်တာ။
အဲဒါလေးတွေဖော်လိုက်တာ ကိုယ်ဝတ်လိုက်တဲ့
အချိန်မှာ Fit ဖြစ်သွားတာပေါ့။အစ်မကကျတော့
ပန်းချီဝါသနာပါတဲ့သူဆိုတော့
အဲဒါလေးတွေကအစ်မရဲ့အဓိကပေါ့။ရင်ဆိုရင်လည်း
ရင်ကိုဒီလောက်Cutting ဖော်လိုက်ရင် ဘယ်
လောက်ပေါ်မလဲပေါ့။ လက်ဆိုရင်လည်း လက်မှာဖော်တဲ့
Pattern ဒီဇိုင်းကို
ကြည့်လိုက်ရင်နွယ်နေတာပေါ့။ အဲဒါလေးကတော့
ကိုယ်ရဲ့ Feeling လေးပေါ့နော်။ အစ်မကတော့
ပန်းချီကိုအခြေခံပိုင်စေချင်တယ်။ အစ်မတို့
အပ်ထည်လက်ခံတဲ့ စာအုပ်တစ်အုပ်မှာဆိုရင်
ပုံဆွဲပြရင် အစ်မကတော့ ကြီးကြီးပဲဆွဲ ပြတယ်၊
Patten တွေအကုန်ပေါ်အောင်လို့။ ကြည့်တဲ့သူက
ဒီဇိုင်းကြည့်ပြီး မှ လက်ခံတာဆိုတော့
အဲဒါလေးတွေက လိုအပ်ချက်ပေါ့။ အစ်မကတော့ အကုန်
Detailဆွဲပြတယ်။
ပန်းချီအခြေခံပိုင်းသွားရင်တော့
ကောင်းတာပေါ့နော်။ လူတစ်ယောက်ရဲ့အခြေခံက
ဆွဲပုံဆွဲနည်းတွေမှာ ရှိတယ်လေ။
ပန်းချီအခြေခံပိုင်ရင်
ကိုယ်ဒီဇိုင်းထုတ်တဲ့နေရာမှာ
ပိုလွယ်သွားမှာပါ။
ကိုယ်တိုင်
ချုပ်ပြီးသား ၀တ်စုံတိုင်းအတွက်
ခံစားချက်
အရင်ဆုံး
ဒီဇိုင်းမဖော်ခင် မော်ဒယ်လ်တွေ အရင်
ပြန်ကြည့်တယ်။ သူ့ကို ဘာဆင်လို့ရမလဲ၊သူ့ရဲ့
အရပ်အမောင်း၊ သူ့ရဲ့ Body ကို စဉ်းစားတယ်။
ဒီဇိုင်းတွေကိုကျတော့ မော်ဒယ်လ်နှင့်ချိန်၊
မော်ဒယ်လ်နဲ့လိုက်မှာ ဘာလဲဆိုတာ
ကြည့်ပြီးတော့မှ ဒီဇိုင်းထွင်တယ်။ ထွင်ပြီး
တော့မှ ကိုယ်ဆွဲလိုက်တဲ့ Sketch နဲ့ ထွက်လာတဲ့
အချိန်မှာ Detail တွက်ပြီးတော့မှဘယ်လောက်ထိ
လှတယ်ဆိုတဲ့ Feeling
လေးရတာပေါ့နော်။
ဒီဇိုင်းပညာရှင်တစ်ဦးအနေနဲ့
အကြံပြုစကား
အသစ်တွေကတော့ ဆက်ပြီး
ကြိုးစားပေါ့၊ ဇွဲမလျှော့ဘဲ လုပ်စေချင်တယ်။
အစ်မတို့တွေကအကြီးပိုင်းရောက်သွားပြီဆိုတော့
နောင်တက်လာမယ့် ကလေးတွေရဲ့
ဒီဇိုင်းတွေကိုအစ်မလည်းစဉ်းစားမိပါတယ်။
သူတို့တွေဆိုရင် ဘယ်လောက်အထိ
တိုးတက်လာကြမလဲဒီဇိုင်းကိုဘယ်လောက်ထိ
စိတ်ကူးကောင်းကောင်းနဲ့ လုပ်နိုင်မလဲ၊
အစ်မသမီးဆိုရင်အသက်၁၄နှစ်ရှိပြီ၊ သူဆိုရင်
ဒီဇိုင်းကို ၀ါသနာပါတယ်၊ ငယ်သေးတဲ့အတွက်
အစ်မကမသင်ပေးနိုင်သေးဘူး။ ဒါပေမဲ့ သူ့ကို
လေးတန်း နှစ်လောက်ကတည်းက ပန်းချီသင်ပေးခဲ့တယ်။
အဲဒါကအဓိက အခြေခံလေ။ လူတစ်ယောက်ကောက်ကြောင်း
ဆွဲတတ်ရမယ်၊ အင်္ဂျာီဆွဲလိုက်လို့ ရှိရင်လည်း
ကိုယ်ဆွဲလိုက်တဲ့ Shape လေးက လှနေရင်Customer
ကမချုပ်ခင်ကတည်းက ကြိုက်နေပြီ၊ အဲဒီလိုမျိုး
အစ်မရဲ့ ခံယူချက်ပေါ့နော်။ သမီးကို
လေးတန်းကတည်းကစပြီး ပန်းချီပဲ သင်ပေးလိုက်တယ်။
အခုနှစ်နှစ်လောက်ကျတော့ အလုပ်ရုံထဲမှာ သမီးလာ၊
သမီး ဒီဟာကို မေမေကလေးဒီဇိုင်းလေး
လိုချင်တယ်၊Cute ဖြစ်တဲ့ ပုံလေးလိုချင်တယ်ဆိုပြီး
သူတို့ရဲ့ အိုင်ဒီယာကို အစ်မက ပြန်ပြီးဖောက်
ထုတ်ရတယ်။ ဒါမှ လာအပ်တဲ့ ကလေးတွေနဲ့ သဟဇာတ
ဖြစ်ပြီး Up-date ဖြစ်မှာလေ။အစ်မက ကလေးတွေရဲ့
အကြိုက်ကို ပြန်နှိုက်ထုတ်ရတယ်။ ကိုယ်တွေက
နှစ်အရမ်းကွာသွားရင် သူတို့ရဲ့အကြိုက်ကို
မမီမှာစိုးလို့ ။ဒါပေမဲ့ အစ်မတို့က
အင်တာနက်ကြည့် နိုင်ရင်တော့
ရတာပေါ့။
အောင်မြင်ခြင်းစကားလုံးအပေါ်မလတ်ရဲ့
အဓိပ္ပယ်ဖွင့်ဆိုချက်
အောင်မြင်ခြင်းဆိုတာ လူတွေရဲ့သတ်မှတ်ချက်ပဲလေ။
ကိုယ်ကဒီလိုလုပ်နိုင်လို့
ဒီလောက်ထိလုပ်နိုင်လာတယ်လို့ ဖြစ်တယ်။ ဒါပေမဲ့
အဲဒါကို လူတွေက
လက်ခံလာတယ်ဆိုတော့အစ်မတို့အောင်မြင်တယ်လို့
ဖြစ်လာတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒါကြီးကို
သာယာနေလို့တော့ မရဘူး။ကိုယ်ရဲ့ပညာပိုင်းရော၊
ဥာဏရော၊ ဦးနှောက်ပိုင်းရော
အကုန်သုံးလို့ရတာလေ။ အဲဒါလေးတွေတည်တံ့ဖို့ပဲ
အစ်မတို့ စဉ်းစားတယ်။ လက်ရာမကျဖို့၊ Quality၊
ချုပ်ရိုးချုပ်သား
စသည်ဖြစ်ပေါ့၊လူမူ့ဆက်ဆံရေးပိုင်းကိုလည်း
ရှိသေးတယ်။ ကိုယ်ရောက်နေတဲ့နေရာလေးမှာ
ပုံမှန်လေးဖြစ်ဖို့ပဲ
လိုပါတယ်။
|